mixxt

Sign up here for free!

Welcome to mixxt!

Social Network တစ်ခုကို Free ဆောက်ချင်လား

ယနေ့မှတ်သားစရာ

Social Network တစ်ခုကို Free ဆောက်ချင်လား

http://www.zonkk.com/
ဒီဆိုက်လေးက ကိုယ်လိုချင်တဲ့ပုံစံအတိုင်း social network တစ်ခုကို အတိအကျဖန်တီးနိုင်ပါတယ်။ PhotoGallery, Video, Blogs, Events, Files, Groups စတာတွေပေါ့။
နောက်ပြီး user တွေလည်း သူတို့တင်ပြချင် ရောင်းချင်တဲ့ product တွေကို ကိုယ်ပြုလုပ်ထားတဲ့ network ကနေရောင်းနိုင်ပါတယ်။ Micro blogs, Bookmarks, Polls စတာတွေလည်းထောက်ပံ့ပါတယ်။

http://www.plum.com/
အချိန်တိုအတွင်းမှာ ကိုယ်ပိုင် social network တစ်ခုကိုဖန်တီးနိုင်ပါလိမ့်မယ်။ အပြန်အလှန်စကားပြောဖို့ လူတွေကိုဖိတ်ခေါ်နိုင်မယ်။ links, photos, videos, notes, documents, comments, discussion တွေ share နိုင်ပါတယ်။

http://shoutem.com/
သူကတော့ ပေါ့ပေါ့ပါးပါးပါ။ အသွင်အပြင် တော့ နည်းပါတယ်။ microblogging, links, photosharing, geolocation sharing ရပါတယ်။ mobile browser တွေလည်း အထောက်အပံ့ပေးပါတယ်။

http://www.socialsitecreator.com/
သူက PHP social networking software ပေါ့။ သူ့ကိုသုံးပြီးတော့ ကိုယ်ပိုင် social network တစ်ခုဖန်တီးနိုင်ပါတယ်။ social network package အနေနဲ့ social network script, social networking site templates, web hosting နဲ့ ၂၄ နာရီ support ရှိပါတယ်။ social network software တွေရဲ့ မူအတိုင်း ရုပ်သံ ကင်မရာ ချက်တင်, တွဲဖော်ရှာ ဒိတ်လုပ် စတဲ့ application တွေထောက်ပံ့ပါတယ်။ facebook application တွေ , twitter, messaging အပြင် နောက်ထပ် feature တွေပါ ပါပါတယ်။ ဒီsocial network software ဟာဆိုရင် ဘယ်သူ့ကိုမဆို social networking ဆိုက်တစ်ခုကို လွယ်လွယ်ကူကူ ရေးနိုင်ပါတယ်။

http://www.webon.com/
ကိုယ်လိုချင်နေတဲ့ ဆိုက်တစ်ခုကို စိတ်ကူးနဲ့အညီဖန်တီးနိုင်ပါတယ်။ အသင့်တည်ဆောက်ပြီးသားပါဝင်တဲ့အပြင် သွက်လက် တဲ့ လှပတဲ့ ဒါ့အပြင် ကြော်ငြာ မပါဝင်တဲ့ web page တွေကို webon platform နဲ့ ဖန်တီးနိုင်ပါတယ်။

http://www.webs.com/
ဒီဆိုက်က ဆိုက်တစ်ခုလွယ်လွယ်ကူကူဖန်တီးနိုင်တဲ့ အကောင်းဆုံး tools တွေပါဝင်ပါတယ်။ မိသားစု သူငယ်ချင်း တွေ စားသုံးတွေတွေ ဘက်က ကြည့်ရင်လည်း တကယ့် professional နဲ့တူအောင်ကိုဖန်တီးနိုင်ပါတယ်။ တစ်လကို 40MB free space နဲ့ 500MB bandwidth အထောက်အပံ့ပေးပါတယ်။

http://www.weebly.com/
သူကတော့ ဆိုက်တွေကို Upload တင်ဖို့နဲ့ ဖန်တီးဖို့ နောက်ပြီး share ပေးဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ တစ်ကိုယ်ရည်ကနေ professional ဆိုက်တွေအထိ weebly ဟာ တန်ဖိုးအရှိဆုံး ဆိုက်တစ်ခုဖြစ်လာဖို့ ဆောင်ရွက်ပါတယ်။

http://www.lifeyo.com/
ရိုးရှင်းပြီး သုံးရလွယ်တဲ့ ဆိုက်တစ်ခုဖန်တီးချင်တယ် ဆိုရင်တော့ lifeyo ကိုဝင်ကြည့်ပါ။ tools တွေသုံးပြီးဖန်တီးထားတဲ့ lifeyo က ဆိုက်တစ်ခုဟာ ဘယ်သူ့ကိုမဆို အထင်ကြီး ကြည့်ကောင်းတဲ့ အသွင်အပြင်ဖြစ်စေမှာပါ။

http://kafafa.com/
programming ဘာသာစကား နကန်းတစ်လုံးမှ နားလည်စရာမလိုပဲ နဲ့ professional တွေရဲ့ လက်ရာ ကို create လုပ်နိုင်ပါလိမ့်မယ်။

http://www.stribe.com/
ကိုယ့်ရဲ့ community ကို လွယ်ကူစွာ manage လုပ်နိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်social network တစ်ခုကို အချိန်တိုအတွင်းမှာ အရယူလိုက်ပါ။

http://www.socialfollow.com/
ဒီဆိုက်ကကျတော့ ကိုယ်လုပ်ထားတဲ့ social network ထဲမှာ ကိုယ့်ရဲ့ Facebook, YouTube, MySpace, LinkedIn အကောင့် profile တွေကို စုထားနိုင်တယ်။ social following ဆိုတာက တစ်စုံတစ်ယောက်ကို သူ့ရဲ့ social account တွေကနေ follow လိုက်တာကိုပြောတာပါ။

http://www.socialgo.com/
သူက social network ဆိုက်တွေရဲ့ featured တွေ ဖြည့်စွက်ထားပေးပြီးတော့ လွယ်ကူစွာပဲ ဖန်တီးထုတ်လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဘယ်လိုလူတွေပဲ ဒီဆိုက်ကို join ရမယ်။ သူတို့ဘာတွေပဲလုပ်နိုင်မယ် စသဖြင့် ရွေးချယ်နိုင်ပါတယ်။

http://www.mixtt.com/
သူကတော့ တခြား ဆိုက်တွေလို တစ်ယောက်ချင်းစီကို ဦးတည်ထားတာမဟုတ်ဘဲနဲ့ အဖွဲ့လိုက်ဆက်သွယ်မှုတွေ ကိုဦးတည်ထားတာပါ။ ပြောရရင်တော့ ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းအဖွဲ့က အခြား သူငယ်ချင်းအဖွဲ့နဲ့တွေ့ဆုံနိုင်တာမျိုးပေါ့။

http://www.sixent.com/
သူကကျတော့ လူတွေကို မတူညီတွေ ဘ၀တွေကိုအွန်လိုင်းမှာ share လုပ်ပေးပါတယ်။ User တွေဟာ profile တွေကို တစ်ခုမကဖန်တီးနိုင်ပါတယ်။ သူတို့ရဲ့ မတူညီတဲ့ ဘက်အမျိုးမျိုး ကို လူအမျိုးမျိုးကို ဖော်ပြနိုင်အောင်ပါ။ အဲဒီ profile တွေဟာ စာမျက်နှာတွေ၊ အဖွဲ့၊ တွေ နောက်ပြီး ဘလော့ပို့စ်တွေလို content ပါဝင်မှုတွေ ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တစ်ခုချင်းစီမှာပါဝင်မှာပါ။ user တွေဟာ သူတို့ network မှာ ရွေးချယ်ပြီး share လုပ်နိုင်ပါတယ်။

http://www.skout.com/
Skout က social tool တစ်ခုပါ။ သူက လူတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အသင့်ဆက်သွယ်ပေးပါတယ်။ ဖုန်းကနေကြည့်ကြည့် ကွန်ပြူတာကနေကြည့်ကြည့် မင်းလက်ရှိအချိန်ဘာတွေလုပ်နေလဲ ဆိုတာ ကိုယ့်သူငယ်ချင်းတွေကို အသိပေးနိုင်ပါတယ်။

http://www.yosooy.com/
သူကတော့ ရိုးရှင်းတဲ့ web application တစ်ခုပါ။ ကိုယ်လက်ရှိသုံးနေတဲ့ social service တွေအားလုံးကို စာရင်းချပြီး widget တစ်ခုအနေနဲ့ ပြပေးပါလိမ့်မယ်။

http://mixxt.de/
နာမည်ကိုသေချာကြည့်ပါ။ အပေါ်ကတစ်ခုနဲ့မတူဘူးနော်။ ကိုယ်ပိုင် social network တစ်ခုကို ဖန်တီးနိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်လောက်တဲ့ ဒီဇိုင်း၊ အသွင်အပြင်လုပ်ဆောင်ချက်တွေနဲ့၊ သီးသန့် ကိုယ်ရေးကိုယ်တာ option တွေ လည်း အများကြီးပါပါသေးတယ်။

http://sixgroups.com/
သူက ကိုယ်ပိုင် community ကိုဆောက်ဖို့ ကူညီပေးပါလိမ့်မယ်။ များပြားလှတဲ့ ဒီဇိုင်း template တွေကနေ ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ပြီးတော့ member တွေရဲ့ profile မှာ ပါမယ့် အချက်လက်တွေ ကိုလည်း သတ်မှတ် ပေးနိုင်ပါသေးတယ်။

http://bliin.com/
ကိုယ့်ရဲ့ အတွေ့အကြုံတွေ ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်၊ အချက်အလက်တွေ ကို ကမ္ဘာ့မြေပုံပေါ်က အချိန်နဲ့ တပြေးညီ share ဖို့ ဆိုရင်တော့ bliin ဟာအင်မတန်အသုံးဝင်ပါတယ်။

http://www.stribe.com/
အလွန်လျင်မြန်တဲ့ အချိန်တိုအတွင်းမှာ ကိုယ်ပိုင် social network တစ်ခုကို ဖန်တီးထုတ်လွှင့် ပြီး လွယ်ကူစွာ manage လုပ်နိုင်စေမယ့် ဆိုက်တစ်ခုဖြစ်ပါတယ်။

CommentsComments

No comments yet

Sign in here

Not a member of this network?

Alternative logins

You can use an account of a third party.

About this blog

ရင်ဘတ်ထဲမှာ နေဆယ်စင်းထွန်းလင်တောင်လောင်နေသလား ငါမတွေးတက်… သေချာတစ်ခုက မင်းအကြည့်စိမ်းစိမ်းလေးတွေက ငါရင်ကိုနာကျင်စေတာအမှန်ပဲ ခင်တွယ် နေတဲ့ဒို့နှလုံး ဟာ အညွန့်တွေတလူလူ တက်နေတဲ့…ချစ်နွယ်လေးကို မင်းမရှိရင် ဘယ်လို အသက်ရှင်အောင် စိုက်ပျိုးရမလည်းနော်…… နေဇော်ထွေး(ခေတ္တ-ချင်းမိုင်)

Blog posts are moderated.

About the author

အမေ့သား လေး   နေဇော်ထွေး ......
အမေ့သား လေး နေဇော်ထွေး ......
  • Member since: 08/08/2011
  • Posts written: 108
  • Received comments: 1
  • Comments written: 0
  • Latest post: 18/09/2011

Network details