mixxt

Sign up here for free!

Welcome to mixxt!

C box အကြောင်းသိကောင်းစရာ...

ယနေ့မှတ်သားစရာ

C box အကြောင်းသိကောင်းစရာ...

ဒီတစ်ခါတော့ ဆီဗုံးလို့ အများစုက ချစ်စနိုးပြောင်ခေါ်နေကြတဲ့ Cbox နဲ့ ပတ်သက်တာလေးတွေ ကျွန်မသိသလောက် ရေးပေးပါမယ်။

Cbox ဆိုတာကတော့ ဘလော့ဂ်တွေ တော်တော်များများမှာ တွေ့နေရတဲ့ ဘလော့ဂ်ရေးသူနဲ့ လာလည်သူတွေကြားက communication tool လေးတစ်ခုပါပဲ။ လာလည်သူတွေလည်း သူတို့ပြောချင်တဲ့ Message တွေကို Cbox မှာ ထားခဲ့တယ်။ ဘလော့ဂ်ပိုင်ရှင်ကလည်း ပြန်ပြောမယ်။ မှန်တာကို ပြောစတမ်းဆိုရင် ကိုယ့်ရဲ့ Cbox မှာ လာလည်သူတွေ များတာကို ဘလော့ဂ်ပိုင်ရှင်တိုင်း ၀မ်းသာအားရ ဖြစ်မိကြပါတယ်။

ခုနောက်ပိုင်းဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နောက်ပြောင်တာလေးတွေကို ဆီဗုံးမှာ ရေးခဲ့ကြတယ်။ ကိုယ့်ရဲ့ဆိုက်ဒ်ကို ဖွင့်ကြည့်တိုင်း ကျွန်မပထမဆုံး လုပ်တာကတော့ Email စစ်တာ မဟုတ်ပါဘူး။ ကျွန်မရဲ့ဆီဗုံးမှာ ဘယ်သူတွေ ၀င်ရေးသွားလဲ၊ ဘယ်သူတွေ ၀င်ဖွသွားလဲ ဆိုတာကို အရင်ကြည့်တာပါပဲ။

ကျွန်မ ပြောကြည့်မယ်နော်။
ပထမဆုံး http://www.cbox.ws/ ကိုသွားပါ။ Account တစ်ခု Sign Up လုပ်ပါ။ See all styles မှာ ကိုယ်ကြိုက်တဲ့ Color လေးတွေ ရွေးယူလို့ ရပါတယ်။
ပြီးရင် ကိုယ့် Account ထဲကို ၀င်ပါ။ Admin Tab ကိုသွားပါ။ အဲဒီ့နေရာကနေ ကိုယ့်ရဲ့ Cbox ကို အမျိုးမျိုး manage လုပ်လို့ ရပါတယ်။
Width တွေ Height တွေလည်း ပြောင်းလို့ရပါတယ်။ Default ပေးထားတဲ့ Width က တော်တော်ကျဉ်းပါတယ်။ ၁၆၀ ပဲ ပေးထားပါတယ်။ ၂၀၀ (သို့) ၂၂၀ လောက် ပြောင်းကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ စာတွေ ကောင်းကောင်းမြင်ရတဲ့ အဆင့်ထိ ရောက်သွားပါလိမ့်မယ်။ စိတ်ကြိုက်ပြောင်းယူပါ။ ကိုယ့်ရဲ့ Template က ပေးထားတဲ့ Column Width နဲ့ ကိုက်ညီအောင် ပြောင်းယူပါ။
Form Layout မှာတော့ Cbox ရဲ့ Design ကို ပြောင်းယူလို့ရပါတယ်။ Message ရေးတာကို အပေါ်မှာ ထားလို့ရသလို အောက်မှာလည်း ထားလို့ရပါတယ်။ ကိုယ့် စိတ်ကြိုက် ပြောင်းကြည့်ပေါ့နော်။
Messages တို့၊ Message Length တို့မှာလည်း ကိုယ်လိုသလို Setting ကို ထားနိုင်ပါတယ်။
Cbox ကို မိတ်ဆက်တဲ့ အပိုင်းကတော့ ပြီးပါပြီ။ ခုပြောမှာကတော့ အရေးကြီးတဲ့ အပိုင်းပါ။ Cbox မှာ မြန်မာလို စာကောင်းကောင်းပေါ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ပြဿနာပါ။
ဆီဗုံးထည့်ပြီးပေမယ့်လည်း မြန်မာစာက ပေါ်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် Colors & Fonts ကို သွားပါ။ Fonts ဆိုတာကို သွားပါ။ သူ့ရဲ့ Default က Arial Font ကို ပေးထားပါတယ်။ အဲဒီ့ Box လေးနေရာမှာ Zawgyi-One လို့ ပြောင်းရိုက်ပေးလိုက်ပါ။ ပြီးရင် Apply Button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ မြန်မာလို စာကောင်းကောင်း ပေါ်တာကို တွေ့မြင်ရပါပြီ။
နောက်တစ်ခုကတော့ Smilies Tab ပါ။ အပေါ်ခပ်ကျကျနေရာလေးက Preset Smilies ဆိုတာလေးကို နှိပ်လိုက်ရင် ပုံစံလေးတွေပြတဲ့ box ပေါ်လာပါတယ်။
အဲဒီ့နေရာမှာ ကိုယ့် Cbox ထဲမှာ ပေါ်စေချင်တဲ့ Smilies Color လေးတွေကို ပြောင်းလို့ရပါတယ်။ Default Blue, Default Orange, Default Yellow လို့ ပေးထားပါတယ်။ ကြိုက်ရာ ပြောင်းယူနိုင်ပါတယ်။
Customize Smilies ကို ပြန်သွားပါ။

ခုထပ်ပြောမှာကတော့ ကိုယ်ကြိုက်တဲ့ Smilies ပုံလေးတွေကို ဘယ်လိုထည့်လို့ ရနိုင်မလဲ ဆိုတာပါပဲ။
New Row ကို ယူလိုက်ပါ။ URL Address နေရာမှာ ကိုယ်ထည့်ချင်တဲ့ Smilies ပုံလေးရဲ့ URL ကို ရိုက်ထည့်ပေးလိုက်ပါ။ Code နေရာမှာတော့ ကိုယ့်ရဲ့ Smilies လေးအတွက် သီးသန့် သင်္ကေတလေးတစ်ခု ကိုယ့်ဖာသာကိုယ် လုပ်ပေးလိုက်ပါ။ ဥပမာ ဟားတိုက်ရီနေတဲ့ ပုံလေးထည့်ထားမိရင် :) ) လို့ ရိုက်ထည့်ပြီး မှတ်ခိုင်းထားတဲ့ ပုံစံမျိုးပေါ့။

My Users Tab ကတော့ Diabled ဖြစ်နေပါတယ်။ သူကတော့ ပိုက်ဆံသွင်းထားတဲ့ Registered Users တွေအတွက်ပဲ ရပါတယ်။ Blocked Users ကတော့ ကိုယ့်ဘက်က Block လုပ်ထားတဲ့ User တွေနဲ့ ပတ်သက်တဲ့ Information တွေ ပြထားတာပါ။

Messages မှာကတော့ ကိုယ့် Cbox မှာ ရေးထားတဲ့ Messages တွေကို Manage လုပ်လို့ရပါတယ်။
ကိုယ်ဖျက်ချင်တဲ့ Message ကို Tick လုပ်ပြီး ဖျက်ပစ်လို့ရပါတယ်။ ကိုယ် Ban လုပ်ချင်တဲ့ User ကိုလည်း Tick လုပ်ပြီး Ban ဆိုတာကို နှိပ်လိုက်လို့ရပါတယ်။ ဒါဆိုရင် အဲဒီ့ user ကိုယ့် Cbox မှာ စာလာရေးလို့ မရတော့ပါဘူး။ IP Address ကိုလည်း Tracking လိုက်လို့ ရပါတယ်။ ဘယ်နေရာကနေ စာလာရိုက်တယ်ဆိုတာကို သိနိုင်တာပေါ့။
Cbox အကြောင်းကတော့ ဒီမှာ ပြီးပါပြီ။

ကိုယ့်ရဲ့ဘလော့ဂ်မှာ Cbox တင်ဖို့အတွက် Quick Setup ကို ပြန်သွားပါ။ သူပေးထားတဲ့ Codes တွေကို ကူးယူပါ။

ပြီးရင် Blogger ထဲကို Sign in ၀င်ပြီးတော့ Template>Add Page Element မှာ HTML/JavaScript ကို ရွေးလိုက်ပါ။ ပြီးရင် ကူးယူလာတဲ့ Code လေးတွေကို ထည့်ပေးလိုက်ရုံပါပဲ။

CommentsComments

No comments yet

Sign in here

Not a member of this network?

Alternative logins

You can use an account of a third party.

About this blog

ရင်ဘတ်ထဲမှာ နေဆယ်စင်းထွန်းလင်တောင်လောင်နေသလား ငါမတွေးတက်… သေချာတစ်ခုက မင်းအကြည့်စိမ်းစိမ်းလေးတွေက ငါရင်ကိုနာကျင်စေတာအမှန်ပဲ ခင်တွယ် နေတဲ့ဒို့နှလုံး ဟာ အညွန့်တွေတလူလူ တက်နေတဲ့…ချစ်နွယ်လေးကို မင်းမရှိရင် ဘယ်လို အသက်ရှင်အောင် စိုက်ပျိုးရမလည်းနော်…… နေဇော်ထွေး(ခေတ္တ-ချင်းမိုင်)

Blog posts are moderated.

About the author

အမေ့သား လေး   နေဇော်ထွေး ......
အမေ့သား လေး နေဇော်ထွေး ......
  • Member since: 08/08/2011
  • Posts written: 108
  • Received comments: 1
  • Comments written: 0
  • Latest post: 18/09/2011

Network details