ယာယီ အပစ်ရပ်ပြီး ဆွေးနွေးရန် ဖက်ဒရယ်ကောင်စီ တောင်းဆို
ယာယီ အပစ်ရပ်ပြီး ဆွေးနွေးရန် ဖက်ဒရယ်ကောင်စီ တောင်းဆို
ယာယီ အပစ်ရပ်ပြီး ဆွေးနွေးရန် ဖက်ဒရယ်ကောင်စီ တောင်းဆို
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုတခုလုံး ယာယီအပစ်အခတ်ရပ်ရေး ကြေညာကာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က သမ္မတဦးသိန်းစိန်ထံ စာရေးသား တောင်းဆိုထားသည်။
ဘုရားသုံးဆူမြို့မှပြည်သူ့စစ်ရိုက်နှက်သဖြင့် ရွာသားဒဏ်ရာရ
မိလယီထော – ထိုင်းမြန်မာနယ်စပ်၊ဘုရားသုံးဆူ မြို့ ပြည်သူ့စစ်မှပြန်ပေးသမားဟု မသင်္ကာသူ နှစ်ဦး ကို ဖမ်းဆီးရိုက်နှက်စစ်ဆေးသဖြင့်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်းနီးစပ်သူ များက ပြောသည်။
မြိုင်ကြီးငူဒေသရှိ ရွာ ၉ ရွာကို BGF ပြောင်းရွှေ့ခိုင်း
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ ဒေသရှိ ကျေးရွာ ၉ရွာအား နယ်ခြားစောင့်တပ်(BGF) က မြိုင်ကြီးငူ ကျေးရွာသို့ ယခု လလယ် ပိုင်းက အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသည်ဟု ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်သည့် BGF တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။
တိုင်းမှူးနှင့် စစ်အရာရှိကြီးများ ယာဉ်တန်းကို DKBA တိုက်ခိုက်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရ စစ်တပ် ထိပ် တန်း အရာရှိကြီး သုံးဦးပါသည့် ယာဉ်တန်းကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်- DKBA က ကရင်ပြည်နယ်၊မြဝတီ မြို့နယ်အတွင်း ပြောက်ကျား စနစ်ဖြင့်တိုက် ခိုက်ခဲ့သည်ဟု ဒေသတွင်း လုံခြုံရေးအသိုင်း အဝိုင်းက ပြောသည်။
ပြည်တော်ပြန် မိန့်ခွန်း ဒုက္ခသည်များ စိုးရိမ်ပို
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာအစိုးရသစ်၏ ပြည်တော်ပြန်ရေး မိန့်ခွန်းကြောင့် ဒုက္ခသည် စခန်း လက်ခံထားရာ သက်ဆိုင်ရာ အစိုးရများမှ တစုံတရာ အရေးယူမှု ရှိလာမည်ကို ထိုင်းနှင့် မလေးရှားရောက် မြန်မာဒုက္ခသည်များကြား စိုးရိမ်မှုများ မြင့်တက်လျက် ရှိသည်။
ပြည်ထောင်စုအဆင့်ဖြင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် တိုင်းရင်းသား မဟာမိတ်လက်နက်ကိုင်များ တောင်းဆို
လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မြန်မာ အစိုးရ သမ္မတသစ် ဦးသိန်းစိန်မှတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးတို့အား ၄င်းတို့၏ ပြည်နယ်အစိုးရသစ်နှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရန် ဖိတ်ကြားချက်ကိုတုန့်ပြန်သည့် အနေ ဖြင့် မြန်မာအစိုးရအားတနိုင်ငံလုံးအတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲပြီးတိုင်းရင်းသား လက်နက်ကိုင်များနှင့်ငြိမ်းချမ်းရေးကိစ္စဆွေး နွေးရန် ညီညွတ်သော တိုင်းရင်းသားဖက်ဒရယ် ကောင်စီ (UNFC) ကတောင်းဆိုလိုက် သည်။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လယ်သမားများ လွတ်လပ်ခွင့်
မင်းတော်လ၀ီ- ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လယ်ယာ ကဏ္ဍထုတ်လုပ်မှု တိုးတက်လာရေးသည် အဓိ ကကျသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး ဦးမြင့်လှိုင်က ဇူ လိုင်လ၂၆ ရက်နေ့ကပြည်နယ်အဆင့်မြေစာရင်းဝန်ထမ်း များကို နေပြည်တော်မှာ တွေ့ဆုံစဉ်ပြောကြား ခဲ့သည်။
KIA က မူလတန်းကျောင်း နှင့်ကျေးရွာ မီးရှို့ဟု အစိုးရသတင်းစာ ဖော်ပြ
ကချင်ပြည်နယ် ပူတာအိုခရိုင်ခေါင်လန်းဖူးမြို့ နယ် ခရန်ထီဒမ်း ကျေးရွာမှ အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်း အပါအ၀င် အိမ်ခြေ (၃၂) လုံးတို့အားကချင်ပြည်လွတ် မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။
ဘုရားမြေ နိုင်ငံတော် ခေါင်းစဉ်တပ် သိမ်းပြီး ပုဂ္ဂလိသို့ ရောင်းချ
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ထမရိတ် ကျေးရွာ အနီးရှိ သဇင်တံ ဘုရားမြေများကို နှစ်ရှည်ပင် စီမံကိန်း ဦးစီးဌာနမှ သိမ်းယူပြီး အဆိုပါမြေများ ကို ယခုအခါ ပုဂ္ဂလိက လက်သို့ ရောင်းချလိုက် ကြောင်း သိရသည်။
ဆင်းရဲ မွဲတည်မူ လျှော့ချရန် စီစဉ်နေချိန်တွင် ရခိုင်၌ အခွန်များ တိုးကောက်နေ
လက်ရှိ သမ္မ ဦးသိန်းစိန် အစိုးရမှ ဆင်းရဲမွဲတည် မူ လျှော့ချရန် စီစဉ်နေချိန်တွင် အောက်ခြေ ဌာနဆိုင်ရာများမှ အခွန်များတိုးကောက်နေ သဖြင့် ရခိုင်ပြည်သူများ ဒုက္ခ ရောက်နေကြရ ကြောင်း သတင်း ရရှိသည်။
မွတ်ဆလင်မလေး နှစ်ဦးတိုင်တဲ့ အမူ ရဲက လက်မခံ
သံတွဲမြို့မှ မွတ်ဆလင် အမျိုးသမီးငယ် နှစ်ဦးက ဥပဒေ ချိုးဖေါက်မူကြောင်း လ၀က အရာရှိတစ်ဦး အပေါ် တိုင်ကြားသော အမူကို သံတွဲ ရဲစခန်းက လက်မခံဘဲ ငြင်းဆိုလိုက်ကြောင်း သတင်းရရှိ သည်။
အစိုးရစစ်တပ်တွေ ကျည်ဆံခိုးရောင်း
စစ်ကိုင်းတိုင်း ကလေးမြို့နယ် အင်တိုင်းကြီး အထူး စစ်ရေးလေ့ကျင့်ရေးကျောင်းမှစစ်တပ်များ သည် ကျည်ဆံ များ ကို အမည် မသိလူတစုထံ ခိုးရောင်းနေကြောင်း သတင်းရရှိသည်။
မီဒီယာများရဲ့ ဝေဖန်မှု ခံယူသွားမည်ဟု သူရဦးရွှေမန်းပြော
ချင်းမိုင် (မဇ္ဈိမ) ။ ။ မီဒီယာ လွတ်လပ်ခွင့်ကို ရှေးရှု့သည့် ခြေလှမ်းတရပ်အနေဖြင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်း မီဒီယာ များ၏ ဝေဖန်အကြံပြုမှုကိုခံယူသွားမှာ ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားသွား သည်။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကွင်တားနားကို အကြံပြု
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေကွင်တားနား Tomas Ojea Quintana ကို အစိုးရက လူ့အခွင့်အရေး
မြန်မာ့စီးပွားရေး အကျပ်တည်း အချို့ဖြစ်ခဲ့ဟု သမ္မတ ဦးသိန်းစိန်ပြော
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကမ္ဘာ့စီးပွားရေးရိုတ်ခတ် မှုက မြန်မာ့စီးပွားရေးတွင် အကျပ်အတည်းအချို့ ဖြစ်ပေါ်လာခဲ့ သည်ဟု သမ္မတဦးသိန်းစိန်က တနင်္လာနေ့က ပြောကြားသွားသည်။
တာချီလိတ်တွင် ရေကြီး၊ “တာလော့” ဈေးကြီးပိတ်ထားရ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင် နှင့် တာချီလိတ် မြို့အကြားရှိ မယ်ဆိုင် တောင်ကျချောင်းမှ ရေလျှံတက်မှုကြောင့်တာချီ လိတ်မြို့ ရပ်ကွက် ၅ ခုတွင် ရေကြီးနေကြောင်း၊ နယ်စပ်ဈေးကြီး ဟုဆိုနိုင်သည့် တာလော့ဈေး နှင့် စာသင်ကျောင်း နှစ်ကျောင်း ကိုပိတ်ထား ရကြောင်း ဒေသခံများက ပြောသည်။
ကာလိမြို့နယ်ခွဲသစ် ပစ်ခတ်မှု မိမိတို့ လက်ချက်မဟုတ်ကြောင်း SSA လွယ်တိုင်းလျဲန်းပြော
သျှမ်းပြည်တောင်ပိုင်း ကာလိမြို့နယ်ခွဲ ပစ်ခတ်မှု ကြောင့် အရပ်သား ၂ ဦး သေဆုံးမှုသည် SSA(ယွတ်စစ်) အဖွဲ့၏ လက်ချက်ဖြစ်သည်ဟူသော အစိုးရသတင်းစာ၏ ဖော်ပြချက်မှာ မှန်ကန်မှုမရှိ ကြောင်း SSA လွယ်တိုင်း လျဲန်းက ပြောဆိုသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက် နားမယောင်မိဖို့ တိုင်းရင်းသား ခေါင်းဆောင်ပြော
ဦးသိန်းစိန်အစိုးရ၏ငြိမ်းချမ်းရေးကမ်းလှမ်းချက် သည်ရေရှည်အာဏာချုပ်ကိုင်ထားရေးအတွက်သာဖြစ်သဖြင့် နားမယောင်သင့်သေးဟုတိုင်းရင်းသား ခေါင်းဆောင်များက ဝေဖန်သုံးသပ်ကြသည်။
Last changed by အမေ့သား လေး နေဇော်ထွေး ...... on 23/08/2011
Sign in here
Not a member of this network?
You can use an account of a third party.
ခေါင်းစဉ်လေးတွေကြည့်သွားပါ
Search Content Management
Tag cloud
Network details
-
Search for:
Network name
အမေ့သားလေး....
Your host is
Created on
08/08/2011
Members
Language
English


