mixxt

Sign up here for free!

Welcome to mixxt!

ဗုဒ္ဓဘာသာရဲ့အနှစ်ချူပ်

link this post written on 15/09/2011
  • To top

ဗုဒ္ဓဘာသာရဲ့အနှစ်ချူပ်

တစ်ခြားဘာသာဝင်တွေကဗုဒ္ဓဘာသာရဲ့အနှစ်ချုပ်ကဘာလဲလို့လာမေးခဲ့ရင် သူငယ်ချင်းတို့ဘယ်လိုဖြေကြမလဲ။

ဒါဟာစဉ်းစားစရာပါ၊ ရုတ်ရက်တော့ဘာဖြေရမှန်းမသိ အကြပ်ရိုက်သွားမှာ အသေအချာ ပါပဲ။ ဒီမေးခွန်းဟာဗုဒ္ဓဘာသာကိုကိုးကွယ်ကြတဲ့ဘာသာဝင်တွေသာမက၊ ဗုဒ္ဓဘာသာကို

စိတ်ဝင်စားကြတဲ့ လေ့လာချင်ကြတဲ့ အခြားသောဘာသာဝင်များအတွက်ပါ သိသင့်တဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ အဲဒီမေးခွန်းကိုတစ်ခါကဂျပန်နိင်ငံရောက်နေတဲ့ ဗုဒ္ဓဘာသာသာသနာပြုဆရာတော်တစ်ပါးဖြေပေးခဲ့ဘူးပါတယ်။

ဒီလိုပါ...ဂျပန်နိင်ငံကိုဗုဒ္ဓဘာသာပြန့်နှံ့ရောက်ရှိစအချိန် ဂျပန်နိုင်ငံမှာနဂိုရှိပြီးသား ကိုးကွယ်မှု ဂိုဏ်းဂဏတော်တော်များများကနောက်မှ

ရောက်လာတဲ့ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားကြပါတယ်။ သိလည်းသိချင်ကြပါတယ်။ အဲဒီအချိန်(...)ဂိုဏ်းက ဂျပန်ဘုန်းတော်ကြီး တစ်ချို့နဲ့ကိုရင်တွေဟာ ဗုဒ္ဓဘာသာသာသနာပြုဘုန်းတော်ကြီး ကျောင်း ကိုရောက်လာပြီး ''ဗုဒ္ဓဘာသာရဲ့လိုရင်းအနှစ်ချူပ်''ဟာ ဘာလဲဆိုတာကိုသိချင်ပါသတဲ့။ အဲဒီတော့သာသနာပြုဘုန်းတော်ကြီးကအတိုဆုံးဖြေကြားခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့လိုရင်းအနှစ်ချုပ်ဟာ မကောင်းမှုမှန်သမျှကိုမပြုလုပ်ခြင်း၊ ကောင်းမှုမှန်သမျှကိုပြုလုပ်ခြင်း၊ မိမိ၏စိတ်ကိုဖြူစင်အောင်ထားခြင်း တို့ဖြစ်ပါတယ်တဲ့။ ဒီအခါမှာဂျပန်ဘုန်းတော်ကြီးတွေကဝိုင်းပြီးရယ်ကြပါတယ်။ ဒါလေးများကွာတဲ့...ငါတို့ကျောင်းက ဟိုကိုရင်လေး တောင် ဒီလောက်တော့ သိပါတယ်လို့ပြောပါတယ်။

အဲဒီတော့ မြန်မာဘုန်းတော်ကြီးက ဘာပြန်ပြောသလဲဆိုတော့ ဟုတ်ပါတယ် ဒီအကြောင်းအရာကို သိတာဖြစ်နိင်ပါတယ် ဒါပေမယ့်.ငါ့ရှင်အသင်ဒီအသက်ဒီအရွယ်ရောက်တဲ့အထိမကောင်းမှုတွေမပြုပဲ  ရှောင်ကျဉ်နိင်ခဲ့ပြီလား၊ ကောင်းမှုတွေအမြဲပြုလုပ်နိုင်ပါရဲ့လား၊ မိမိစိတ်ကိုဖြူစင်အောင်ထားနိုင်ပါပြီလားလို့ မေးတဲ့အခါ ပြန်ပြောနိင်စရာစကားမရှိခဲ့ပါဘူး။ ဟုတ်ပါတယ် ဗုဒ္ဓဘာသာမှာသိနေရုံတစ်ခုတည်းနဲ့ပြီးပြည့်တာမဟုတ်၊သိထားတာတွေကိုလက်တွေ့ကျင့်ကြံအားထုတ်မှသာပြီးပြည့်စုံတဲ့ ဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ပါတယ်။ မြတ်စွာဘုရားပွင့်တော်တဲ့အကာလကိုကြည့်မယ်ဆိုရင်လည်း၊ဘုရားဖြစ်တော်မူသည်မှပရိနိဗ္ဗာန်စံသည်အထိ ဟောကြားသမျှတရားတွေအားလုံးဟာ ဒီ(၃)ချက်ကိုပဲဦးတည်ရည်ရွယ်ဟောကြားခဲ့တာဖြစ်ပါတယ်။ မကောင်းမှုမှန်သမျှကိုရှောင်ကျဉ်ခြင်းဆိုတဲနေရာမှာ စိတ်နြဲ့ပုတဲ့မကောင်းမှု၊ ကိုယ်နဲ့ပြုတဲ့မကောင်းမှု၊ နှုတ်နဲ့ပြု လုပ်တဲ့မကောင်းမှု ဆိုတဲ့မကောင်းမှုတွေအားလုံး မှရှောင်ကျဉ်နိုင်ဖို့

ဆိုလို့တာပါ၊  ကောင်းမှုတွေမှန်သမျှ ပြု လုပ် ခြင်း ဆိုတဲ့နေရာမှာလည်း စိတ်နြဲ့ပုတဲ့ကောင်းမှု၊ နှုတ်နြဲ့ပုတဲ့ကောင်းမှု၊ ကိုယ်နြဲ့ပုတဲ့ကောင်းမှုဆိုပြီး လုပ်နိုင် သမျှသောကောင်းမှုတွေကိုအမြဲမပြတ်လုပ်နိုင်ကြဖို့ဆိုလိုခြင်းဖြစ်ပါတယ်။ မိမိစိတ်ကိုဖြူစင်အောင်ထားခြင်းဆိုတဲ့နေရာမှာစိတ်ဆိုတာမကောင်းမှုမှာပျော်မွေ့တတ်တဲ့သဘောရှိလေတော့ အဲဒီစိတ်ကလေးကိုအသိ၊သတိနဲ့ထိန်း ပြီး ဘဝကိုပဲ့ကိုင်သွားလေဖို့ ဆိုလိုခြင်းဖြစ်ပါတယ်။. အပြောလွယ်သလောက်အလုပ်ရခက်ခဲပါတယ်။ လူလောကထဲမှာပုံစံအမျိုးအမျိုးနဲ့ရပ်တည်နေရတဲ့လူသားဘဝ မှာ အဲဒီလိုမကောင်းမှုတွေက ရှောင်ကျဉ်နိုင်ဖို့ဆိုတာ မဖြစ်နိင်ဘူးလို့ လွယ်လွယ်ပြောကြတယ်။ တကယ်တော့ မဖြစ်နိုင်ဘူးဆိုတာမရှိပါ။ ဖြစ်နိုင်ပါတယ်။ လွယ်တော့မလွယ်ကူဘူးပေါ့ဗျာ။ ဦးနှောက်ကိုသုံးပြီး မကောင်းတဲ့ အလုပ်တွေမလုပ်ဖြစ်အောင် ကောင်းတဲ့ အလုပ်တွေ လုပ်ဖြစ်နေအောင်မိမိစိတ်ကလေးကိုဖြူစင်သန့်ရှင်းနေ အောင်လုပ်ဖို့ဆိုတာတကယ်တမ်းလုပ်ဖို့ဖြစ်နိုင်ပါတယ်။

လုပ်နိုင်ဖို့အတွက်ဒါတွေဟာမကောင်းမှု၊ ဒါတွေဟာ ကောင်းမှု ခွဲခြားသိနိုင်မယ့် ဘာသာရေးဗဟုသုတ လိုအပ်တယ်။ သိတဲ့အတိုင်းရှောင်ကျဉ်ဖို့၊လိုက်နာကျင့်သုံးနိင်ဖို့ ဘာသာအပေါ်ယုံကြည်တဲ့သဒ္ဓါတရားလိုအပ်တယ်။ နောက်ဆုံးပိတ်ပြောချင်တာလေးက ဗုဒ္ဓဘာသာဟာ ယုံကြည်နေရုံသက်သက်မပြီး၊ လိုက်နာကျင့်သုံးမှသာပြီးပြည့်စုံတဲ့ကိုယ့်အားကိုယ်ကိုးဘာသာတစ်ခု ဖြစ်တယ် ဆိုတာပါပဲ။ မိုးရွာတဲအခါမိုးရေမစိုအောင် ထီးဆောင်း ရပါမယ်။ ဒီလိုသိထားပြီး တကယ်တမ်းမိုးရွာတဲ့အခါ ထီးပါဖို့လိုပါတယ်၊ မိုးမစိုအောင်ပါလာတဲ့ထီးကို ဖွင့်ဆောင်းဖို့လည်းလိုပါတယ်၊ ထီးပါနေရုံနဲ့ မရပါဘူး။ အရာရာအားလုံးဟာ သင့်အပေါ်မှာပဲမူတည်ပါတယ်။

သူတော်ကောင်းအပေါင်း ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနဲ့မတရားဟုဆိုအပ်သော လောဘ ဒေါသ မောဟ မာန

ကိလေသာများနဲ့ အချိန် ကုန်ချိန်နည်းပြီး၊ တရားဟုဆိုအပ်သော လောဘ ဒေါသ မောဟ မာန ကိလေသာများကို ဖြတ်ချနိုင်သောအချိန် အများစု ဖြစ်နိုင်ကြပါစေလို့။

 

တရားအသိကိုပေးလှူပါ၏

 

  • Statistics: 1 Posts | 1 Visits