mixxt

Sign up here for free!

Welcome to mixxt!

Gmail မှာ အစွမ်းထက်နည်းလမ်း

link this post written on 15/09/2011
  • To top

Gmail သုံးစွဲနေကြတဲ့ လူတိုင်းအတွက် ရည်ရွယ်ပြီး ကိုယ့်ရဲ့ Gmail ကို ပိုမို အစွမ်းထက်စေဖို့နည်းလမ်းတွေ ရေးခဲ့ ဘူးပါတယ်။ အခုတစ်ခေါက်မှာတော့ အရင်နည်းလမ်းအဟောင်းတွေထဲက အကောင်းဆုံး လျှို့ဝှက်ချက်တွေကိုရော၊ အသစ်ထက်မံထွက်ပေါ်လာနေတဲ့ လျှို့ဝှက်ချက်လမ်းညွှန်မှုတွေကိုရော၊ စွမ်းရည်အပြည့်စုံဆုံးနဲ့ user ကိုစိတ်ကြိုက်ဖြစ်အောင် အကုညီနိုင်ဆုံး အကြံပြုချက်တွေကိုပါ ပေါင်းစုံပြီး tips,tricks extensions, desktop program တွေနဲ့ Mac user တွေအတွက်ပါ သုံးနိုင်တဲ့နည်းလမ်းအချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။
Gmail ကိုသုံးစွဲတဲ့နေရာမှာ အကောင်းဆုံးကတော့ Firefox browser ပဲဖြစ်ပါတယ်။ ‘Opera’ ဟာ Gmail ကိုမြန်မြန်ဆန်ဆန် ဖွင့်လှစ်ပေးနိုင်ပေမယ့် ပိုမိုထူးကဲတဲ့ ထပ်ဆောင်းအရည်အချင်းလေးတွေဖြစ်တဲ့ (add-on) တွေကိုတော့ ပေါင်းထည့် သုံးစွဲလို့မရပါဘူး။ IE 6.0 IE 7.0 ဟာလည်း Gmail ကို standard view ဖွင့်ပေးနိုင်တယ် ဆိုပင်မဲ့ လိုအပ်ချက်တွေအများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Gmail ကိုသုံးစွဲမယ်၊ email ပို့မယ်၊ Chat ပြောမယ် ဆိုတဲ့ user တွေဟာ Gmail နဲ့ပက်သက်တဲ့ တခြား program လေးတွေကို အထိုက်အလျှောက်သိနေသင့်ပါတယ်။ Gmail ကို ပိုမို တင့်တယ်ပြီး လွယ်ကူချောမွေ့စေအောင် ဆက်သွယ်ပေးနေတဲ့ လိုက်ဖက်ညီအတွဲ ပရိုဂရမ်တွေ တခ်ျို့တလေရှိနေပါတယ်။ Fire-fox browser ကတော့သိပြီး ဖြစ်ကြပါလိမ့်မယ် ။ Grease Monkey (Script Manager) ဟာ add-ons တွေကို လက်ခံနိုင် ၊ ဖြုတ်ပစ်နိုင်တဲ့ ၊ add-oncontrol panel လေးတစ်ခုဖြစ်ပါတယ်။ Scripts တွေကို သူ့ရဲ့ ကိုယ်ပိုင် inbox ကလေး တစ်ခုထဲမှာ သိမ်းဆည်း ပေးထားပြီး မလိုချင်ရင်အလွယ်တကူ ဖြုတ်ပစ်နိုင်အောင် ဖန်တီးပေးထားတဲ့ ‘option’ tool တစ်ခုပါဝင်ပါတယ်။
Userscript (java script search engine) ကတော့ online ပေါ်မှာရှိနေတဲ့ Gmail,hotmail, browser စတဲ့ ပရိုဂရမ်မျိုးစုံအတွက် စုဆောင်းပေးထားတဲ့ scripting search engine တစ်ခုလို့ဆိုနိုင်ပါတယ်။ Userscript ဟာ sign-up လုပ်ပြီး account ရရှိပြီဆိုမှ သူ့ရဲ့ web site မှာရှိရှိသမျှ scripts လေးတွေကို install လုပ်နိုင်မှာပါ။ အဲဒီလို register လုပ်တဲ့အခါမှာ အလွန်လွယ်ကူပြီး၊ ယုံကြည်စိတ်ချရပြီး အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းလည်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Gmail account ကို သုံးစွဲနိုင်ပါတယ်။ကိုယ်ကိုတိုင်လဲ ကိုယ်ဖန်တီးထားတဲ့ script လေးတွေကို အများပြည်သူကို share လုပ်ပေးနိုင်ပါတယ်။ တစ်ခုတော့သတိထားရဖို့ရှိတာက userscript မှာ share ပေးထားတဲ့ script လေးတွေဟာ programmer ငယ်လေးတွေကစလို့ ဝါရင့် programmer ကြီးတွေရဲ့ လက်ရာတွေအထိ ပါဝင်နေတက်ပါတယ်။ ဒါကြောင့် တချို့ script တွေဟာ အမှားအယွင်းတွေရှိနိုင်ပြီး ယုံကြည်စိတ်ချရမှု ရှိချင်မှရှိပါလိမ့်မယ်။ Script တိုင်းမှာတွေ့ရတတ်တဲ့ ‘comments’ တွေကို အရင်ဆုံး ဖတ်ရှုရပါမယ်။ stylelish (add.on open source) ကတော့ လူငယ် ကွန်ပျူတာပရိုဂရမ်မာတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ သူလည်း extension manager တစ်ခုဖြစ်တဲ့အပြင် ပိုပြီး ထူးခြားတာက ပရိုဂရမ်မင်းအကြောင်း နကန်းတစ်လုံးတောင် နားမလည်တဲ့ လူတွေကိုယ်တိုင် Add-on အသေးစားလေးတွေ ရေးသားနိုင်အောင် ဖန်တီး ပေးထားပါတယ်။
အဲဒီ အဓိကဇာတ်ကောင်လေးမျိုးကို အရင် ရယူထားရပါလိမ့်မယ်။ home user သမားတွေအတွက်ပဲဖြစ်စေ ၊ cybercafe user တွေအတွက်ပဲဖြစ်စေ အဲဒီ လေးမျိုး စလုံးဟာ အလွယ်တကူ install လုပ်နိုင်ပါတယ်။

  1. firefox
  2. Greasemonkey
  3. userscript
  4. stylelish

Firefox ကတော့ ကွန်ပျူတာတိုင်းလိုလိုမှာ ရှိပြီးဖြစ်မှာပါ။ userscript ကလည်း Email account တစ်ခု လုပ်သလိုမျိုး register လုပ်ရတာမျိုး ဖြစ်တဲ့အတွက် မခက်ခဲလှပါဘူး ။ Grease Monkey နဲ့ stylelish ကတော့ တည်ဆောက်ပုံ အတူတူဖြစ်ပြီး install လုပ်ပုံချင်းကလည်း ခပ်ဆင်ဆင်တူပြီး လွယ်ကူပါတယ်။

Grease Monkey

  1. browers bar ‘http://www.grease-monkey.net’ လို့ရိုက်ပါ။
  2. grease monkey ရဲ့ မိခင် home page ကျလာပါလိမ့်မယ်။ ညာဘက်အလယ်ထောင့်မှာ download greast monkey’ ကို click နှိပ်ပါ။
  3. firefox ရဲ့ add-ons page အတွင်းကို ပြန်ရောက်သွားပြီး page တစ်ခုပေါ်လာပါလိမ့်မယ်။ Install လုပ်မလားလို့လည်း မေးပါလိမ့်မယ်။
  4. ‘install’ button လေးကို click နှိပ်ပါ။
  5. Install လုပ်ချိန် တစ်မိနစ်သာ ကြာမြင့်ပါလိမ့်မယ်။
  6. ပြီးရင် browers ကို restart ပြန်လုပ်ဖို့ command ပေးပါလိမ့်မယ်။ (ဒါမှမဟုတ်ရင်လည်း close button နဲ့ browser ကို ခဏပိတ်လိုက်ပါ။)
  7. ခဏပိတ်လိုက်ပြီးတာနဲ့ browser ကိုပြန်ဖွင့်ပါ။ ‘statusbar’ ရဲ့ ညာဘက်ထောင့်မှာ ‘grease monkey’ icon သေးသေးကလေးတွေ့ရပါလိမ့်မယ်။ အဲဒီ မျောက်ကလေးပြုံးနေတဲ့အချိန်ဟာ ‘add -ons’ တွေအသက်ဝင်နေပြီး (enabled) ၊ မျောက်ကလေးမဲ့နေခဲ့ရင်တော့ မတော်တဆ ခလုပ်မှားနှိပ်မိလို့ အသက်မဲ့(disabled)နေတာပါ။ အဲဒီလို enabled / disabled လုပ်ဖို့ဟာက သိပ်လွယ်ပါတယ်။ မျောက်ငယ်လေး icon ပေါ်ကို click နှိပ်လိုက်ရုံနဲ့ကို ရပါမယ်။
  8. Grease Monkey ရဲ့ Manager control ကို menu bar မှာသွားကြည့်နိုင်ပါတယ်။ ‘option menu’ ကို click နှိပ်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ box ထဲကနေ Add-ons ကိုရွေးပါ။ ပြီးတော့ ‘Manage scripts’ ကို Click နှိပ်ပါ။
  9. Grease Monkey ရဲ့’ Mabnager’ box ကိုရောက်ရှိပါပြီ။
    1. ဘယ်ဘက် panel မှာတော့ add -ons တွေရဲ့ ခေါင်းစဉ်၊ အမည်တွေရှိပါတယ်။
    2. ‘Edit’ ကို Click နှိပ်ရင်း system ထဲမှာရှိတဲ့ ‘*.js’ file တွေရှာဖွေပေးမယ့် explore box ကျလာပါမယ်။
    3. included pages ဆိုတာဟာ တကယ်လို့ ကိုယ် install လုပ်လိုက်တဲ့ add-ons အတွက်လုပ်ဆောင်ပေးမယ့်လိပ်စာကို ပြထားတာပါ။
    4. unistall ကတော့ မလိုတာတွေကို select ပေးပြီး အလွယ်တကူ ဖျက်ထုတ် နိုင်ပါတယ်။
  10. နောက်တစ်ခါတွေမှာ ‘userscripts’ ကနေဖြစ်စေ၊ တခြားနေရာတွေကဖြစ်စေ၊ script တစ်ခုကို install လုပ်လိုက်တဲ့အခါမှာ (အဲဒီ script တွေဟာ (.js) extentions တွေနဲ့ ဆုံးပါလိမ့်မယ်။) ဒီ ‘Manage control’ ထဲကို ရောက်ရှိပါလိမ့်မယ်။

Stylelish

Stylelish ဟာ ‘add-ons’ တွေနဲ့ ‘extensions’ တွေကို manager သဘောမျိုးလက်ခံပေးနိုင်တဲ့အပြင် ကိုယ် ကိုယ်တိုင် extension အသေးစားလေးတွေ တည်ဆောက် ဖန်တီး နိုင်ပါတယ်။

  1. address bar မှာ http://userstyles.org/stylish လို့ရိုက်ပါ။
  2. Grease monkey လိုမျိုးပါပဲ။ Stylish ရဲ့ home page ပေါ်လာပါလိမ့်မယ်။
  3. ထိပ်ဆုံးစာကြောင်းမှာရှိနေတဲ့ ‘stylish 0.5.2 is abailable for download at addons mozilla.org’ ကိုဆိုတဲ့စာကြောင်းကို cilck နှိပ်ပါ။ Firefox add- ons box ထဲကိုရောက်သွားပါမယ်။ ပြီးရင် install လုပ်လိုက်ပါ။ browser restart ပြန်လုပ်ပါ။
  4. status bar ရဲ့ အောက်ခြေ စာရွက်ဖြူပေါ်မှာ ကလောင်တံလေးနဲ့ icon လေး တွေ့ရပါလိမ့်မယ်။
  5. install လုပ်ပြီးရင် အဲဒီ add-ons စာမျက်နှာကို မပိတ်ဘဲဆက်ကြည့်မယ်ဆိုရင် ‘install now’ button ရဲ့ အောက်ခြေ development comment ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲဒီမှာရှိတဲ့ code ဟာ ဒီလို ဖြစ်ပါလိမ့်မယ်။

*{
color: blue important;

}

status bar မှာရှိတဲ့ stylish icon ကို click နှိပ်ရင် manage styles ပေါ်လာပါမယ်။ write ကို click နှိပ်ပါ။ stylish ရဲ့ control ထဲရောက်ပါမယ်။ အခုနက code ကို click လုပ်ပါ။ add style ထဲမှာ color နေရာမှာ’black’ လို့အစားထိုးပြီး save လုပ်ပါ။ descriptions ဆိုတဲ့နေရာမှာ page ရဲ့web address ကိုရိုက်ပါ။ ‘www.google.com’ ပြီးရင်ကိုယ်ပိုင် add-ons တစ်ခု ရရှိပါပြီ။ အခုအခ်ျိန်မှာစမ်းသပ်ကြည့်မယ်ဆိုရင် google ရဲ့ home page မှာ ရှိသမျှ အပြာရောင်တွေဟာ အနက်ရောင်ပြောင်းနေပါလိမ့်မယ်။ ဒါဟာအလွယ်ကူဆုံး နမူနာ တစ်ခုမျှသာ ဖြစ်ပါတယ်။

add-ons တွေကို browser မှာနောက်တစ်မျိုး ကြည့်လို့ရတဲ့ နေရာတစ်ခုက options > add-ons ကနေ ကိုယ် install လုပ်ထားခဲ့သမျှ add-ons တွေကို အကုန်လုံး ကြည့်လို့ရပါတယ်။
‘add-ons’ တွေမှာ ‘.xpi’ ‘.js’ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ‘.xpi’ ကတော့ ‘add-ons’ အစစ်ဖြစ်ပြီး browser ပေါ်မှာ run ဖို့အတွက်တည်ဆောက်ထားတဲ့ အဓိကအထောက်အပံ့ တစ်ခုဖြစ်ကာ ‘.js’ နဲ့ အဆုံးသတ်တဲ့ add-ons တွေကတော့ java script နဲ့ရေးထားပြီး browser ပေါ်မှာ လာဖွင့်တဲ့ webside တစ်ခုချင်းစီအတွက် ရည်ရွယ်ပါတယ်။ ရေးသားထားတဲ့ နည်းပရိယာယ်တွေဟာ လွယ်မယောင်နဲ့ ခက်နေတယ်ဆိုရင် (.xpi) ကို browser အတွက် ၊ (.js) ကို website အတွက်ဆိုပြီး အကြမ်းဖျင်း မှတ်သားထားနိုင်ပါတယ်။
Gmail ဟာ open-source အမည်ခံပေမယ့် developer တွေကို programming source code တစ်ဝက်လောက် ဖွင့်ဟပေးထားတဲ့ အတွက် Gmail နဲ့ ပူးတွဲ သုံးစွဲမယ့် browser အတွက်ရော၊ Gmail inbox အတွင်းထဲကိုပါ အကောင်းဆုံး အရည်အချင်းတွေ ရရှိစေနိုင်ဖို့ ၀ိုင်းဝန်း ထောက်ပံ့ကြတဲ့ add-ons တွေက မရေမတွက်နိုင်အောင် ရှိနေပါတယ်။

Gmail Manager

လူတစ်ယောက်မှာ Gmail account နှစ်ခု ၊ (ဒါမှမဟုတ်) သုံးခုရှိတယ် ဆိုပါစို့၊ အဲဒီိလိုအခါမျိုးမှာ မတူညီတဲ့ mail account တွေကို စစ်ဆေးချင်တဲ့အခါမှာ account တစ်ခုကိုဖွင့်လိုက် ၊ ပိတ်လိုက် လုပ်နေစရာမလိုပဲ တစ်ကြိမ်တစ်ခါတည်းနဲ့ Gmail account တွေကို စစ်ဆေးချင်တဲ့အခါမျိုးမှာ Gmail Manager ဟာသိပ်ကိုအသုံးဝင်ပါတယ်။
ဥပမာ မောင်မောင် ဆိုတဲ့ လူတစ်ယောက်ဆိုပါတော့၊ မောင်မောင် @gmail.com, မောင်မောင် မိသားစုအတွက် @gmail.com, နဲ့မောင်မောင် စီးပွားရေးလုပ်ငန်းအတွက် @gmail.com, email သုံးခုစလုံးကို တစ်ပြိုင်နက်တည်း Screen တစ်ခုတည်းမှာ (Firefox ရဲ့ ‘open tab’ သုံးခုဖွင့်လှစ်ပြီး ) ဟိုဘက်၊ ဒီဘက် mail စစ်ဆေးလို့ ရနိုင်ပါတယ်။

  1. address bar https://addons.mozilla.org/en-US/firefox /addon/1320 လို့ ရိုက်ပါ။
  2. ဖိုင်အရွယ်အစား 100kb သာရှိပြီး အလွန်မြန်မြန်ဆန်ဆန်နဲ့ install လုပ်လို့ ရနိုင်ပါတယ်။
  3. ပြီးရင် Firefox>tools>addons ကနေ တစ်ဆင့် Gmail manager (.xpi) extension version(0.5.9) ကို click လုပ်လိုက်ပါ။
  4. extension တွေ စုပေါင်းထားတဲ့ box ကြီးထဲမှာ Gmail manager တွေ့ရပြီဆိုတာနဲ့ Option ကိုကလစ်နှိပ်ပြီး ညွှန်ကြားနိုင်ပါတယ်။
  5. Browser ရဲ့ status bar ကို ကြည့်မယ်ဆိုရင် Gmail manager icon ကလေးပေါ်နေတာ တွေ့ရပါလိမ့်မယ်။
  6. account တွေကိုလက်ခံနိုင်ဖို့အတွက် account တစ်ခုချင်းစီရဲ့ name နဲ့ password တွေကို မှန်မှန်ကန်ကန် ဖြည့်စွက်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။
  7. ပထမဆုံးအနေနဲ့ ‘All account settings’ မှာ Add ကို click နှိပ်ပါ။ Gmail ရဲ့ ပထမ account ဖြစ်တဲ့ (ပင်ကို account) mgmg account ကို username နဲ့ password ဖြည့်ပါ။ ပြီးရင် ဒုတိယ account မောင်မောင်မိသားစု အတွက် account ကို password နဲ့ user name ဖြည့်ပါ။ ပြီးရင် တတိယ account ကိုလည်း ဖြည့်စွက်ပါ။
    1. တကယ်လို့ ‘startup’ option မှာရှိတဲ့ check box ကိုသာအမှန်ခြစ် ထည့်ပေးလိုက်မယ်ဆိုရင် ကွန်ပျူတာကို ဖွင့်တဲ့အချိန်တိုင်းမှာ (အင်တာနက်ကို အလိုအလျောက်ချိတ်ဆက်ပြီး) Gmail ကို Auto ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် အချိန်ကုန်သက်သာ ပါလိမ့်မယ်။
    2. မလိုချင်တဲ့ account ကို အလွယ်တကူ ‘Remove’ လုပ်လို့ရနိုင်ပြီး secure ကို ပြည့်ဝ စေဖို့လည်း ညွှန်ကြား ထားနိုင်ပါတယ်။
    3. ပြီးရင် OK ကို နှိပ်ပါ ( လိုအပ်ရင် Apply ကိုနှိပ်ပေးပါ။ )
  8. browser ရဲ့ status bar ညာဘက်ထောင့်မှာ ဖြည့်စွက်ထားတဲ့ လိပ်စာတွေ ကို တွေ့မြင်ရပါလိမ့်မယ်။
  9. စာအိတ်အနီရောင် ‘icon လေးကို Click နှိပ်လိုက်တဲ့အခါမှာ Gmail Manager ရဲ့ function တွေပေါ်လာပါလိမ့်မယ်။ အဓိကကတော့ Main Subject နှစ်မျိုးရှိပါတယ်။ “ရွေးချယ်ထားတဲ့ Gmail ” ကိုဖွင့်ပေးဖို့ နဲ့ ‘add’ လုပ်ထားတဲ့ account အကုန်လုံးကို ဖွင့်ပေးဖို့ ဆိုပြီး နှစ်မျိုး ဖြစ်ပါတယ်။
  10. account တစ်ခုချင်းစီမှာရှိတဲ့ မတူညီတဲ့ အရေအတွက်တွေကို ပုံမှာပြထားတဲ့အတိုင်းမြင်တွေ့ရပါလိမ့်မယ်။ ‘show new mail snippets’ ဆိုတာကတော့ လက်ခံ ရရှိတဲ့ mail တွေမှာ ပါဝင်တဲ့ subject ကိုအတိုချုံးပြီး ရုပ်ရှင်ထွေလာသဘောမျိုး ပြသပေးမှာဖြစ်ပါတယ်။
  11. ပြီးရင် browser မှာ ‘tab’ အသစ်တွေ ခေါ်ပါ။ တကယ်လို့ account နှစ်ခုကို တစ်ပြိုင်နက်တည်းဖွင့်ချင်ရင် ‘tab’ နှစ်ခုခေါ်ပါ။ သုံးခုဖွင့်ချင်ရင် ‘tab’ သုံးခုသုံးပါ။
  12. ဒါဆိုရင် browser တစ်ခုအတွင်းမှာ မတူညီကွဲပြားတဲ့ Gmail account မျိုးစုံကို Gmail manager ကို သုံးစွဲပြီး email စစ်ဆေးရင်း chatting လုပ်လို့ ရနိုင်ပါပြီ။

Gmail This

Internet ထဲမှာမွှေနှောက်ရှာဖွေနေရင်း တချို့သင်ခန်းစာဖိုင်ကလေးတွေကို မှတ်သားချင်တဲ့အခါ ဒါမှမဟုတ် အရေးကြီးတဲ့ သတင်းမှတ်စုတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းချင်တဲ့အခါမှာ Gmail This extension ဟာ အလွန် အသုံးဝင်ပါတယ်။

  1. browser bar မှာ https://addons.mozilla.org/en-US/firefox/addon/3102 လို့ ရိုတ်ပါ။
  2. extension ကို install လုပ်ပါ။
  3. webpage ရဲ့လိုချင်တဲ့စာသားတွေကို ‘high-light’ လုပ်ပြီး select ပေးပါ။
  4. Gmail ထဲမှာ လျင်လျင်မြန်မြန် သိမ်းဆည်းထားပြီးဖြစ်ရုံသာမကဘဲ အခြား တစ်ယောက်စီကို forward လုပ်ဖို့ အဆင်သင့်ဖြစ်နေတာကို တွေ့ရ ပါလိမ့်မယ်။

Better Gmail

‘Better Gmail’ ဟာ ‘grease monkey’ script တွေကို ပေါင်းစုပြီး extension အကြီးစား တစ်ခုအနေနဲ့ တည်ဆောက်ထားတာပါ။ script ပေါင်း ၁၀ ခု ထက်ပါဝင်ပြီး internet ချိတ်ဆက်ထားတဲ့ ပီစီတွေကို အချိန်မှန် update ရှာဖွေပေးပါတယ်။ install လုပ်တဲ့အခါမှာ ‘.xpi’ နဲ့အဆုံးသတ်ထားတဲ့ ‘add-ons’ ကိုတွေ့ရပါလိမ့်မယ်။ Google Reader တွေကို import export လုပ်လို့ရတဲ့ function ၊ Gmail ကို Mac စတိုင် တည်ဆောက်လို့ရတဲ့ Screen ၊ အလွယ်တကူ ပြောင်းလဲလို့ရတဲ့ ‘fonts’ တွေနဲ့ features မျိုးစုံတို့ ပါဝင်ပါတယ်။
extension နှစ်မျိုးရှိပါတယ်။ ပထမ version က (0.7) နဲ့ အခုထပ်ပြီးအသစ်ထွက်လာတာက (1.1) ဖြစ်ပါတယ်။ https://addons.mozilla.org/en-US/Firefox/addon/A866 နဲ့ https://addons.mozilla.org/en-US/firefox/addon/6076 လိပ်စာနှစ်မျိုးရှိပါတယ်။ လိုချင်တဲ့ version ကို စိတ်ကြိုက် ရယူနိုင်ပါတယ်။

Gmail Skins

Gmail Skins ဟာ Better Gmail ပေါ်လာပြီး တဲံ နောက်ပိုင်းမှာ တိမ်မြုပ်သွားတဲ့ add-on တစ်ခုပါ။ Better Gmail ကို မကျော်သွား နိုင်ပေမယ့် သူ့မှာလည်း အလွန်ကောင်းမွန်တဲ့ အရည်အချင်းတွေရှိနေပါတယ်။ ဥပမာအားဖြင့် Gmail ထဲက inbox ရဲ့ color ကိုစိတ်တိုင်းကျ အရောင်ပြောင်းလဲနိုင်ခြင်း၊ google ကနေ ပေးအပ်ထားတဲ့ ‘IG modules’ လို့ခေါ်တဲ့ gadget လေးတွေ၊ နာရီ၊ ရာသီဥတု ၊ အားကစားသတင်း စတာတွေကို gmail ထဲမှာ ပေါင်းထည့်နိုင်တာတွေအပြင်၊ Picasa Album နဲ့ ချိတ်ဆက်ပြီး image တွေကို လိုအပ်သလို organize လုပ်နိုင်တာ တွေဟာ သိပ်ထူးခြားပါတယ်။ ဒါ့အပြင် မလိုချင်တဲ့ lable တွေ၊ ဥပမာ – ကိုယ့် Gmail ထဲမှာ ရှိတဲ့ ‘sent’ item box, ‘spam box’ စတာတွေကို ဖယ်ထုတ်ပစ်ထားလို့ ရသလို user တွေ သဘောတွေ့ကြတဲ့ funtion တစ်ခုကတော့ ‘inbox ,chat,sent’ စတဲ့ box တွေကို Gmailကစီစဉ်ပေးထားသလို ‘အပေါ်မှအောက် ‘ ဘယ်ဘက်ခြမ်းမှာ ထားရှိမှုကို မကြိုက်ဘူးဆိုရင် horizontal ပြန်လည်ပြောင်းလဲနိုင်ပြီး Left to Rtght (ဘယ်ဘက်မှညာဘက်သို့) ဒီဇိုင်းဖွဲ့စည်းခွင့်ရှိတာပဲဖြစ်ပါတယ်။ Better Gmail ထက် လူကြိုက်နည်းရတဲ့ အဓိကအချက်ကတော့ ဒီ add-on ဟာ coding error တချို့ ရှိနေလို့ပဲ ဖြစ်ပါတယ်။

  1. http://gmailskins.mozdev.org လို့ ရိုတ်ပါ။
  2. အောက်ဆုံးမှာရှိတဲ့ ‘Here install’ ကို click နှိပ်ပါ။ (သို့မဟုတ်) https://addons.mozilla.org/en-US/firefox/addon/2127လို့ ရိုက်ပြီး skin add-ons ကို အလျင်အမြန်သွားနိုင်ပါတယ်။
  3. ကိုယ့် Gmail ကို color ဒီဇိုင်းပြောင်းလဲနိုင်ပါတယ်။ better gmail လို စတိုင်လှလှကလေးတွေ မပါဝင်ပေမယ့် လက်တည့်စမ်းပြီး add-ons တွေ ရေးသားချင်တဲ့ လူငယ်တွေအဖို့တော့ ဒီ Gmail skins အဆင့်ဟာ အငယ်တန်း ပထမ အဆင့် ဖြစ်တာမို့ အသုံးဝင်မှာပါ။

Customize google

ဒီ add-on လေးဟာ google မှာငွေပေးပြီးတကူးတက ကြော်ငြာထားကြတဲ့ ကြော်ငြာရှင်တွေအဖို့တော့ ရင်ကွဲပက်လက် ဖြစ်စေနိုင်ပါတယ်။ google search engine မှာပဲ ဖြစ်ဖြစ် Gmail inbox အတွင်းထဲမှာပဲဖြစ်ဖြစ်၊ ရှိတတ်တဲ့ ညာဘက်ခြမ်းက ကြော်ငြာတွေကို ဖယ်ထုတ်ပစ်နိုင်တဲ့ ‘Add-on’ မို့လို့ပါပဲ။ ဒါ့အပြင် Address bar မှာ ‘http..’ နဲ့ သွားရိုးသွားစဉ် လမ်းကြောင်းကို ပိုမိုလုံခြုံ စိတ်ချရတဲ့ ‘https…’ စနစ်ကို အလိုအလျောက် ပြောင်းပေးနိုင်တယ်။ inbox ကို ဖွင့်ဖွင့်ချင်းမှာ ‘contacts box’ ကိုအလျင်မြန်ဆုံး ဖွင့်လှစ်ပေးရုံသာမကဘဲ ‘spam-counter-box’ ကိုလည်းမမြင်၊ မကြည့်လိုသူတွေအတွက် အလိုအလျောက် ဖုံးအုပ်ပေးပါလိမ့်မယ်။ တခြားသုံးဝင်တဲ့ functions တွေဖြစ်တဲ့ ‘invite’ နဲ့ ‘font’ control တွေကို ပိုပြီး အစွမ်း ထက်လာ စေဖို့ကိုလည်း ကူညီ ပေးပါတယ်။

  1. http://addons.mozilla.org/en-US/firefox/addon/743 လို့ ရိုက်ပါ။
  2. ထုံးစံအတိုင်း install လုပ်ပါ။ browser ကို restart ပြန်လုပ်ပါ။ ‘add-ons’ မှာသွားရောက်စစ်ဆေးကြည့်ပါ။ ဂေါ်ဇီလာတစ်ကောင်ရဲ့ ခြေရာတွေလို logo ပုံစံကလေး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
  3. google page ရဲ့ ညာဘက်မှာရှိတဲ့ ကြော်ငြာ page တွေကို ဖျောက်ဖျက်ပေးပြီး developer တွေအတွက် ရည်ရွယ်ပြီး ရှာဖွေခဲ့တဲ့ ပုံရိပ် ဒါမှမဟုတ် keyword တစ်ခုကို အင်ဂျင် ၁၂ ကနေ ပူးပေါင်း ရှာဖွေ ပေးပါတယ်။
  4. ကြည့်ခဲ့တဲ့ page ကိုလည်း လွယ်လင့်တကူ save လုပ်ပြီး firefox ရဲ့ book mark manager ဒါမှမဟုတ် delicious ထဲကို ပေါင်းထည့်ပေးနိုင်ပါတယ်။
  5. မိခင် website ဖြစ်တဲ့ “http://customizegoogle.com” မှာ ဒီ add-on ရဲ့ features တွေမှန်သမျှကို လုပ်ပုံလုပ်နည်းတွေနဲ့တကွ ကြည့်ရှုလို့ ရနိုင်ပါတယ်။

Gspace

Gspace ဟာ extension တစ်ခုဆိုတာထက် software တစ်ခုဆိုရင်ပိုပြီး မှန်ပါလိမ့်မယ်။ Mac, Linux. Window …. အစရှိသဖြင့် မတူညီ ကွဲပြားနေတဲ့ platform မျိုးစုံအတွက် အလုပ်လုပ်နိုင်တဲ့အပြင် Gmail နဲ့ ချိတ်ဆက်ပေးပြီး Online ပေါ်မှာ storage နေရာတစ်ခုကို ဖန်ဆင်းပေးပါတယ်။ Gmail ထဲက file တွေကိုပဲဖြစ်ဖြစ်၊ image ပုံတွေကိုပဲဖြစ်ဖြစ်၊ အလွယ်တကူ drag and drop ဆွဲထည့်ပြီး သိမ်းဆည်းလို့ ရနိုင်ပါတယ်။ စတင်သုံးစအချိန်မှာ Gspace ဟာ ခက်ခဲသယောင်ရှိပေမယ့် tools တွေကိုသဘောပေါက်သွားတဲ့ အချိန်မှာတော့ အလွန်အားကိုးရတဲ့ add-on တစ်ခုဆိုတာ သိရ ပါလိမ့်မယ်။

  1. http://www.getspace.com/download.html လို့ ရိုက်ပါ ။
  2. Window သမားတွေ အတွက် download ချခွင့် ပြုထားတဲ့ icon လေးပေါ်ကတဆင့် Click နှိပ်ပြီး download လုပ်ယူရပါတယ်။ 1MB မပြည့်တပြည့်သာရှိပြီး လွယ်ကူလျင်မြန်စွာနဲ့ပဲ brownser ‘add-ons’ box အတွင်းကို ရောက်ရှိသွားပါလိမ့်မယ်။
  3. Gspace ဟာ ‘file transfer protcocol’ access ဖြစ်တဲ့ အတွက် ကိုယ့်ပီစီထဲမှာရှိတဲ့ file တွေကို internet ပေါ်ကို upload တင်တဲ့အခါ အလွန်မြန်ဆန်တာကို တွေ့ရပါလိမ့်မယ်။
  4. အဲဒီလို upload တင်တဲ့ နေရာမှာတော့ ခြွင်းချက်အနေနဲ့ လုံခြုံရေးပြည့်ဝပြီး google နဲ့ ချိတ်ဆက်ထားတဲ့ website တွေဖြစ်တဲ့ ‘you tube’, ‘facebook’ စတာတွေကိုသာ လက်ခံ ပါတယ်။ ဒါကြောင့် အရင်ဆုံး အနေနဲ့ ကိုယ် upload တင်ချင်တဲ့ web site တွေမှာ account လုပ်ထားရပါလိမ့်မယ်။
  5. တကယ်လို့ file တစ်ခုကို transfer လုပ်ချင်ပြီဆိုရင် ‘login’ ကို click နှိပ်ပြီး password ပေးရပါလိမ့်မယ်။ ပြီးရင် ခဏစောင့်ပေးပါ။
  6. ပြီးတာနဲ့ ‘upone directory’ button ကို click နှိပ်ပြီး ကိုယ့်ရဲ့ ပီစီထဲမှာရှိတဲ့ attach file တွေကို Gmail ထဲကို လွှဲပြောင်း ယူလို့ ရနိုင်ပါပြီ။

Gmail Search

တစ်ခါတစ်လေမှာ၊ နေ့လယ်နေ့ခင်းတွေမှာ internet connection တွေ စုပြုံကျပ်ခဲပြီး နှေးကွေးလွန်းနေပါလိမ့်မယ်။ အဲဒီ အချိန်မှာ ကိုယ့် Gmail box ကို စာအသစ်တွေရောက်မရောက်ကို သိရှိဖို့အတွက် Gmail ကလည်း ဖွင့်ရတာ အရမ်းနှေးပြီး လိုချင်တဲ့ အဆင့်ကို မရောက်နိုင် ဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် Gmail home page ကို လုံးဝဖွင့်ဖို့မလိုဘဲ address bar ကနေ တစ်ဆင့်ကိုယ့် Gmail မှာ စာအသစ်တွေ ရောက်၊ မရောက်ကို ဖွင့်လှစ်ကြည့်နိုင်မယ့် နည်းလမ်း အတော်များများတော့ လိုမှာပါပဲ။ ‘Gmail search ‘ ဆိုတဲ့ extension ဟာ Gmail inbox ကို ဖွင့်လှစ်ဖို့ (လုံးဝ)မလိုအပ်ပါ။ Browser ရဲ့ ‘address bar’ ကို gmail အတွင်းမှာရှိတဲ့ ‘search box’ လိုသဘောထားပြီး အီးမေးလ်အသစ်တွေကို ရှာဖွေ ပေးနိုင်ပါတယ်။

  1. http://philwilson.org/blog/2004/12/search-your-gmail-in-firefox.html” ဟုရိုက်ပါ။
  2. “click this link to install the gmail search engine” ဆိုတဲ့ link ကို click နှိပ်ပြီး install လုပ်ပါ။
  3. add search engine မှာ ပေါင်းထည့်မှာလားဆိုတဲ့ box ကလေးပေါ်လာပါလိမ့်မယ်။ Add ဟု ပြောပေးပါ။
  4. ပြီးတာနဲ့ Gmail account ထဲကို ဝင်ပါ။ မဝင်ခင်မှာ search box မှာ ကြိုတင်ပြီး ရှာထားခဲ့မယ်ဆိုရင် gmail ထဲကို ဝင်ပြီဆိုတာနဲ့ ကိုယ်ရှာဖွေမယ့် Gmail တွေကို တစ်ခါတည်းတွေ့ရပါလိမ့်မယ်။
  5. တကယ်လို့ Gmail Server ကဖြစ်ဖြစ်၊ user ကဖြစ်ဖြစ်၊ တစ်စုံတစ်ခုမှားယွင်းသွားခဲ့ ရင် Temporary Error (502) ဆိုပြီး ပြသပါလိမ့်မယ်။
  6. ဒါဟာ Gmail ရဲ့ ဟိုးအရင်ကာလ1GB inbox အတွင်းမှာမပါဝင်ခဲ့တဲ့ mail search အတွက် အသုံးဝင်ပေမယ့် အခလက်ရှိမှာတော့ Gmail account ထဲမှာရှိတဲ့ search engine က ပိုလို့တောင် ထက်နေ ပါသေးတယ်။

GCal Quick Tab

Google ဟာ Gmail, Gtalk, Google Calender စတဲ့ product မှန်သမျှကို တစ်ခုနဲ့ တစ်ချိတ်ဆက်ထားတဲ့ နည်းပညာကို အသုံးပြုပါတယ်။ ပေါင်မုန့်တစ်ထပ်၊ အသားတစ်ထပ်၊ ပေါင်မုန့်တစ်ထပ်… အဲဒီ လိုမျိုး ‘ ဆင်းဒဝစ်’ မုန့်မျိုးနဲ့ အလားသဏ္ဍာန် တူလိမ့်မယ်ထင်ပါတယ်။ တစ်ခုချင်းစားကြည့်တဲ့အခါမှာလည်း တကယ့်’စားမြိန်ဖွယ်’ တစ်ခုပါ။Gtalk, Gmail စတဲ့ ထုတ်ကုန်တိုင်းမှာ လိပ်စာကိုယ်စီ ရှိကြတဲ့အတွက် တစ်ခုချင်းကို သီးသန့်သုံးစွဲလို့ ရနိုင်သလို ပေါင်းစုပြီး ‘package’ အနေနဲ့လည်း သုံးစွဲလို့ ရနိုင်ပါတယ်။ ‘Gcal’ လို့ အလွယ်ခေါ်ကြတဲ့ ‘google calendar’ service ဟာ ယခင်က Gmail ထဲမှာ မပါဝင်ပါဘူး ။ ဒါကြောင့် အရေးကြီးတဲ့ နေ့ရက်တွေနဲ့ အချိန်းအချက်ပြုလုပ်ချင်တဲ့ မှတ်သားမှုတွေကို Gmail ဖွင့်လှစ်ရင်းနဲ့တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ဖို့ ‘Gcal Quick Tab’ ကစွမ်းဆောင်ပေးပါတယ်။ Gmail နဲ့ Google Calendar အကြားကို keyboard short-cuts တွေနဲ့ အလွယ်တကူ ရွှေ့ပြောင်းနိုင်ပါမယ်။

  1. http://addons.mozilla.org/en-US/firefox/addon/2372 လို့ ရိုက်ပါ။
  2. install လုပ်ပြီး firefox ကို restart ပြန်လုပ်ပါ။
  3. ပြီးရင် ထပ်ပြီးတော့ http://www.google.com/calendarဆိုပြီး ရိုက်ပါ။
  4. အခုအချိန်ကစပြီး ကိုယ့်ရဲ့ calendar box ထဲမှာ နေ့စွဲအလိုက် email သတိပေးမှုတွေနဲ့ တခြား function တွေအများကြီးပေါင်းထည့်လို့ ရပါပြီ။ ဥပမာ- January15 ရက်နေ့ရောက်ရင် သူငယ်ချင်းတစ်ယောက်နဲ့ ‘Chat ‘ ဖို့ရှိတယ်၊ သတိပေးပါ၊ အဲဒီ သတိပေးချက်ကိုပဲ mail alert နဲ့ မပေးဘဲ pop-up box တစ်ခုအနေနဲ့ သတိပေးပါဆိုပြီး အများကြီး ညွှန်ကြား ထားလို့ ရပါပြီ။

GTD inbox

GTD ဟာ ‘Getting Thing Done’ ကို အတိုကောက် ခေါ်ဆိုထားတာပါ။ အဓိက အလုပ်ကတော့ Gmail ရဲ့ inbox အတွင်းမှာ နေရာယူပေးပြီး လူတစ်ယောက်ချင်းဆီအတွက် တစ်နေ့တာ ပြုလုပ်ဖို့ ရှိတဲ့ စာရင်းတွေကို မှတ်သားထားလို့ ရပါတယ်။ ‘Note book, calendar, mail alert’ အဲဒီ လုပ်ဆောင်နိုင်စွမ်း သုံးခုကို ပူးပေါင်းပြီး ဖွဲ့စည်းထားတာပါ။ ဥပမာ – လူတယောက်ဟာ ဒီနေ့ ညနေ ငါးနာရီမှာ အင်္ဂလန်က သူငယ်ချင်း တယောက်နဲ့ စကားပြောဖို့ ရှိတယ်ဆိုရင် ‘To do list’ မှာ အချိန်နဲ့ reminder တစ်ခုကို လုပ်ပေးပြီး Gmail box ကို ပြန်ပိတ်ထားလိုက်လို့ ရပါတယ်။ အဲဒီအခါမှာ google ရဲ့ alert ကနေ ညနေ ၅ နာရီိအချိန်မှာ အကြောင်း ကြားပေး ပါလိမ့်မယ်။

  1. http://addons.mozilla.org/en-US/firefox/addon/3209 လို့ ရိုက်ပါ။
  2. ထုံးစံအတိုင်း install လုပ်ပြီး browser ကို restart ပြန်လုပ်ပါ။
  3. Firefox ရဲ့ tools menu အောက်မှာရှိတဲ့ ‘add-ons’ ထဲမှာ ‘GTD inbox’ ဆိုပြီး သိသိသာသာ ကွဲပြားနေတဲ့ add-on ကို တွေ့ရပါလိမ့်မယ်။
  4. option ကို click နှိပ်လိုက်ရင် GTD inbox ရဲ့ လုပ်နိုင်စွမ်းရှိတဲ့ လုပ်ဆောင်ချက် စွမ်းရည်ကို အမျိုးမျိုးအစားစား များပြားစွာ တွေ့ရပါလိမ့်မယ်။
  5. တကယ်လို့ GTD inbox ကို မိမိရရ လေ့လာချင်တယ်ဆိုရင်တော့ သုံးစွဲနည်းတွေကို အသေးစိတ် ရှင်းပြထားတဲ့ http://www.gtdinbox.com ကို သွားရောက် လေ့လာ နိုင်ပါတယ်။

Dragdrop-Upload

Gmail အတွင်းမှာ ‘attach’ ပေါင်းထည့်ဖို့အတွက် attach function ကို click နှိပ်ပြီး explorer box ကနေ တစ်ဆင့် တမေ့တမော သွားရတဲ့ ဒုက္ခ တစ်ခု ရှိပါတယ်။ တကယ်လို့ ‘Dragdrop-Upload’ ဆိုတဲ့ add-ons ကိုသာ install လုပ်ထားခဲ့မယ်ဆိုရင် ပိုပြီးအချိန်ကုန်သက်သာသွားမှာ အမှန်ပါပဲ၊ ‘dragdrop upload’ ဟာ drag and drop လုပ်ပြီး Gmail ရဲ့ compose mail အတွင်းကိုအလွယ်တကူ attach file တွေ ချိတ်တွယ် နိုင်စေပါတယ်။

  1. Firefox address bar မှာ http://addons.mozilla.org/en-US/firefox/addon/2190 လို့ ရိုက်ပါ။
  2. addon ကို install လုပ်ပြီး browser ကို restart ပြန်လုပ်ပါ။

google toolbar

google toolbar ဟာ firefox နဲ့ IE သုံးစွဲသူ နှစ်မျိုးစလုံး အတွက် google အဖွဲ့အစည်း ကနေ တရားဝင် ထုတ်လွှင့် ပေးခဲ့တဲ့ toolbar functions တစ်ခု ဖြစ်ပါတယ်။ Opera browser ကိုသုံးစွဲသူတွေ အတွက်တော့ ‘widget’ တခု အနေနဲ့ သာ တည်ရှိပြီး တရားဝင် toolbar အနေနဲ့ ထုတ်လွှင့် ပေးခဲ့ခြင်း မရှိသေးပါ။ google toolbar ဟာ Gmail တစ်ခုတည်းအတွက်သာ အသုံးဝင်တာ မဟုတ်ဘဲ google ရဲ့ တခြား products တွေကို နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲကြတဲ့ user တိုင်းအတွက် ရည်ရွယ်ပြီး features မျိုးစုံကို ထည့်သွင်းပေးအပ်ထားပါတယ်။ toolbar ကို install လုပ်လိုက်တာနဲ့ ‘browser bar’ မှာ ထပ်မံပြီး လိပ်စာတွေ ခဏခဏ ရိုက်သွင်းရတဲ့ page ၊ ဥပမာ အားဖြင့် Gmail ဆိုရင် Gmail icon လေးကို click လုပ်လိုက်ရင်ပဲ ‘toolbar’ ကနေ အလိုလို အလုပ်လုပ် ပေးသွား မှာပါ။

  1. http://toolbar.google.com/gmail-toolbar (သို့မဟုတ်) http://google.com/tools/firefox/toolbar လို့ ရိုက်ပါ။
  2. ပြီးရင် download ကို click နှိပ်ပါ။
  3. (.xpi)extension နဲ့ အဆုံးသတ်ပြီးရင် browser ကို restart ပြန်လုပ်ပါ။ (အကယ်၍ IE ကို အသုံးပြုခဲ့လျှင် http://toolbar.google.com/T4/ ဖြစ်ပါတယ်။
  4. google toolbar ကိုအသုံးပြုပြီး Gmail ကို အလွယ်တကူ check လုပ်နိုင်တာတွေရယ်၊ လုံခြုံစိတ်ချစွာ searching လုပ်နိုင်တာတွေရယ် အပြင် google ရဲ့ product မှန်သမျှ စုပေါင်းထားတဲ့အတွက် တန်ဖိုးအရှိဆုံး extension တစ်ခုဖြစ်ပါတယ်။

FireGPG

FireGPG ဟာလည်း Gmail အတွက် အသုံးဝင်ပြီး တန်ဖိုးရှိတဲ့ script တွေကို တစ်စုတစ်ဝေးတည်း ပေါင်းထည့် ပေးထားတဲ့ manager တစ်ခုပဲ ဖြစ်ပါတယ်။ ‘encrypt’, decrypt’, ‘sign’, ‘attach’ စတဲ့ လက်တိုလက်တောင်း အရည်အသွေးကောင်းလေးတွေကို တစ်နေရာ တည်းကနေ အလုံးစုံ အသုံးပြု နိုင်အောင်လို့ စီစဉ် ထားပါတယ်။

  1. http://firefpg.tuxfamily.org/atable/firefpg.xpi ဟုရိုတ်ပါ။
  2. Download FireGPG ကို Cilck နှိပ်ပါ။ install လုပ်ပြီး browser restart ပြန်လုပ်ပေးပါ။
  3. ပြီးရင် Gmail ကိုဖွင့်ပါ။ inbox အတွင်း လွတ်တဲ့ တစ်နေရာမှာ Right Cilck နှိပ်လိုက်တဲ့ အခါ Fire GPG box ကို drop-down box မှာ တွေ့ရပါလိမ့်မယ်။
  4. Fire GPG ဟာသူ့ရဲ့ icon လေးလိုမျိုး ကိုယ့်ရဲ့ Gmail ကို လုံခြုံမှု အပြည့်အဝရအောင် ဖန်တီး ပေးပါတယ်။ အဲဒီမှာ ရှိနေတဲ့ text editor ဆိုတာဟာ သီးသန့် email ဖန်တီးလို့ Notepad လိုမျိုး editor တစ်ခုဖြစ်ပါတယ်။
  5. အသေးစိတ် လေ့လာချင်ရင် http://firefpg.tux-family.org မှာဝင်ရောက် သင်ယူ လေ့လာ နိုင်ပါတယ်။
  • Statistics: 1 Posts | 1 Visits